Saturday, 26 January 2013

Virus သမိုင်း-၁

ဒီအကြောင်းအရာတွေကို မဖတ်ခင်မှာ "Virus ဆိုတာ self- replication computer program တစ်ခုဖြစ်ပြီး အခြား executable code (သို့) documents များထဲကို သူ့တို့ကိုယ်သူတို့ copy ကူးထည့်ခြင်း အားဖြင့် ကူးစက်ပြန့်နှံ့ စေတာဖြစ်တယ်" ဆိုတဲ့ အချက်ကို မေ့လို့ မဖြစ်ပါဘူး... အဲဒီ အချက်ကိုမေ့နေမယ်ဆိုရင် ဒီ Post ကို နားမလည်နိုင်ပါဘူး... ကူးစက်ခြင်းအဆင့်ဆင့်ကို " Virus ဖန်တီးခြင်း (၁)၊ (၂)၊ (၃)" မှာ ရှင်းပြခဲ့ပြီးပါပြီ"....Virus သမိုင်း အစမှာဆိုရင် ပထမဆုံး" ထွက်ပေါ်ခဲ့တဲ့ Virus အကြောင်းနဲ့ ပတ်သတ်လို့ ဆွေးနွေးငြင်းခုံမှုတွေဟာ အဆုံးမရှိထွက်ပေါ်ခဲ့ပါတယ်..ဘာကြောင့်လဲဆိုတော့ ၁၉၇၀ ၀န်း ကျင်လောက်မှာ malware တွေ attack လုပ်ခဲ့ကြလို့ပါ...အချို့သူတွေက ဒီ malware တွေ attack လုပ်ခဲ့တာကို ထပ်သွင်း ရေတွက်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်...
malware လို့ဆိုပေမယ့် ယေဘူယျသတ်မှတ် ချက်အရ   ပြောရရင်worms တွေဖြစ်ကြပြီး virus တော့ မဟုတ်သေးပါဘူး... ဒါကြောင့် ၁၉၇၀ အစောပိုင်း ပေါ်ထွက်ခဲ့ တာတွေနဲ့ ပတ်သတ်ပြီး မေးခွန်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်...သို့သော်လည်း Computer Knowledge ပိုင်းကိုပါ ထည့်သွင်းစဉ်းစားမယ် ဆိုရင်တော့ Virus တွေရဲ့ သမိုင်းဟာ ၁၉၈၁ မှာစတင် ခဲ့တယ်လို့ ယူဆနိုင်ပါတယ်

၁၉၆၀နှောင်းပိုင်း - ၁၉၇၀ အစောပိုင်းနှစ်များ
၁၉၇၀ အဦးပိုင်းမှာ Arpanet (Advanced Research Projects Agency net) ကနေပြီး Creeper လို့ ခေါ်တဲ့ worm တစ်ခုကို စတင်တွေ့ရှိခဲ့ပါတယ်...ဒီ worm ကို Tenex operating system အောက်မှာ global computer networks များဆီသို့ သူဟာသူပျံနှံ့နိုင်အောင် ဖန်တီးခဲ့ပါတယ်...၄င်းဟာ သူ့ဟာသူ modem ကနေတဆင့် network တစ်ခုဆီရောက်အောင် ၀င်နိုင်စွမ်းရှိပြီး remote systemများဆီကို သူ့ကိုယ်သူ copy လုပ်ခြင်းအားဖြင့် ကူးပြောင်းပါတယ်...သူက တခြား system တစ်ခုထဲရောက်သွားပြီးဆို ရင် "I'M THE CREEPER : CATCH ME IF YOU CAN" ဆိုတဲ့ message လေးဖော်ပြတတ်ပါတယ်... သူနဲ့ ကပ်လျက်ပဲ program လေးတစ်ခု ထပ်ထွက်လာပါတယ် အဲဒါကတော့ Creeper ကို နှိမ်နင်းမယ့် Reaper ပဲဖြစ်ပါတယ်... Reaper က Creeper ကိုလိုက်ရှာပြီး delete လုပ်ပါတယ်... 

အားလုံးသိကြတဲ့ "ပထမဆုံး" Anti-virus progam လို့ ပြောရမှာပါပဲ...၁၉၇၄ ခုနှစ်မှာ ထပ်ပြီး ထွက်လာတဲ့ malware တစ်ခုကတော့ Rabbit လို့ခေါ်ပါတယ် ... သူကတော့ system တွေကို crash လုပ်ဖို့အတွက် သူကိုယ်သူ ဘက်ပေါင်းစုံကနေ မြန်မြန်ဆန်ဆန် ပုံတူပွား နိုင်ပြီး အများအားဖြင့်တော့ system တစ်ခုကနေ တစ်ခုကို သူ့ကိုသူ copy မလုပ်နိုင်ပါဘူး...၄င်းက system resources တွေမှာ ခိုအောင်းနေပြီး system ရဲ့ ထုတ်လုပ်နိုင်မှုတွေကို နိမ့်ဆင်းသွားအောင် လုပ်ပါတယ်...

၁၉၇၅ ခုနှစ်မှာတော့ UNIVAC 1108 system အတွက် Pervading Animal လို့ခေါ်တဲ့ game တစ်ခုရေးခဲ့ ပါတယ်  ...အဲဒီ game က user ကို စိတ်ဝင်စားအောင် မေးခွန်းတွေမေးပြီးတော့ user တွေးနေတဲ့ သတ္တ၀ါက ဘာလဲဆိုတာကို ဆုံးဖြတ်ချက်ချပါတယ် .... ဒါပေမယ့်လည်း ဒီ game က တကယ်ဖြစ်နေတာ ကတော့ file တိုင်းမှာ သူကို့သူ ရေးထည့်နိုင်ဖို့ပဲဖြစ်ပြီး file တွေထဲ ရေးပြီးပြီလား မရေးရသေးဘူးလားဆိုတာ ကို ဆုံးဖြတ် ဖို့အတွက် အချိန်တွေကို ဖန်တီးပြောင်းလဲယူဖို့အတွက်ပဲ ဖြစ်ပါတယ်... executable file တွေနဲ့ အဆုံးမှာ သူဟာသူရောနှောပေါင်းစပ်လိုက်ပါတယ်..

ဒါဟာ Trojan ရဲ့ အပြုအမူတွေဖြစ်အောင် တမင်လုပ်ခဲ့တာလား ... မတော်တဆဖြစ်ခဲ့တာလားဆိုတာကို မဆုံးဖြတ်နိုင်ခဲ့ပါဘူး...ဒီအပြုအမူတွေဟာ ယခုခေတ်ပေါ် ထောင်ပေါင်းများစွာသော Trojan များနဲ့ တူညီနေ ပါတယ်....JÃrgen Kraus ရဲ့ master thesis မှာတော့ ဒီ Program ကို Selbstreproduktion bei Programmen( Self-reproduction of programs) လို့ခေါ်ခဲ့ပါတယ်...

၁၉၈၀ အစပိုင်း
ဒီနှစ်ပိုင်းတွေကို ရောက်လာတဲ့ အခါမှာတော့ Computer တွေဟာ ပိုပို ပြီးတော့ လူသုံးများလာကြပါ တယ်...program အရေအတွက်အနေနဲ့ software company တွေကနေထုတ်တာ မဟုတ်ပေမယ့်လည်းပဲ တစ်ဦးချင်းအနေနဲ့ထုတ်လုပ်မှုဟာ ပိုပြီးတိုးတက်လာခဲ့ပါတယ်....ဒီ Program တွေကို general access servers- BBS တွေကနေ တိုက်ရိုက် ဖြန့်ဝေခြင်း၊ လဲလှယ်ခြင်းတွေ လုပ်နိုင်ပါတယ်... အဲဒီရလဒ်ဟာ ရက်စက်ကြမ်း ကြုတ်တဲ့ Trojan horses တွေ၊ System ကို အနှောင့်အယှက်ပေးနိုင်တဲ့ Program တွေ အမြောက်အမြား ထွက်ပေါ်လာဖို့ အတွက် လမ်းစဖြစ်ခဲ့ပါတယ်....

၁၉၈၁ - Wild ထဲမှ ပထမဆုံး Virus
Robert Slade ရဲ့ သမိုင်းဖော်ပြချက်အရဆိုရင်.. ယနေ့ခေတ် Virus များကဲ့ သို့ အလုပ်လုပ်နိုင်ဖို့အတွက် Wild ထဲကို စမ်းသပ်တဲ့သဘောမျိုးနဲ့ ပထမဆုံးရောက်လာတဲ့ Virus လို့ ပြောရပါလိမ့်မယ်.. Texas A&M University ကနေစတင် ပျံနှံ့လာတယ်လို့ အများက လက်ခံထားပါတယ်... အဲဒီ Virus နဲ့ နာမည်ကတော့ "Elk Cloner" ဖြစ်ပြီး ပျံ့နှံလွယ်တဲ့ Bootable virus ဖြစ်ပါတယ်...Apple II computer များကို တိုက်ခိုက်တာ ဖြစ်ပါတယ်... diskettes ရဲ့ boot sector က call တွေရှိလာတဲ့အခါ သူကိုယ်သူ တွဲဆက်လိုက်ပါတယ်...အဲဒီ Virus ၀င်ပြီဆိုရင် ဒီလိုစာသားလေးတွေ screen မှာဖော်ပြပါတယ်.....

It will get on all your disks
It will infiltrate your chips
Yes it's Cloner!
It will stick to you like glue
It will modify ram too
Send in the Cloner!

၁၉၈၃ - ပထမဆုံး Virus စမ်းသပ်ချက်စာတမ်း
Fred Cohen က ၁၉၈၄ ခုနှစ်မှာ Computer Virus - Theory and Experiments ဆိုတဲ့ စာတမ်းကို တင်သွင်းခဲ့ပြီး computer virus တွေကို အဓိပ္ပာယ်သတ်မှတ်ခြင်း နဲ့ သူရဲ့ စမ်းသပ်တွေ့ရှိမှုတွေကို ဖော်ပြခဲ့ပါတယ်...သူရဲ့ စာတမ်းမှာ...

" On November 3, 1983, the first virus was conceived of as an experiment to be presented at a weekly seminar on computer security. The concept was first introduced in this seminar by the author, and the name 'virus' was thought of by Len Adleman. After 8 hours of expert work on a heavily loaded VAX 11/750 system running Unix, the first virus was completed and ready for demonstration. Within a week, permission was obtained to perform experiments, and 5 experiments were performed. On November 10, the virus was demonstrated to the security seminar."
လို့ ဖော်ပြထားပါတယ်။ (Richard Skrenta ရဲ့ Elk Cloner အသေးစိတ်)

၁၉၈၆
Virus နာမည်ကတော့ "Brain" ဖြစ်ပြီးတကမ္ဘာလုံးကို ပထမဆုံးစတင်ပြန်နှံ့ ခဲ့တဲ့ IBM PC viurs ဖြစ်ပါတယ်။ ဒီ Virus ဟာ 360 KB diskettes တွေထဲမှာ စတင်ပြန့်နှံ့ ခဲ့တာဖြစ်ပြီး တခဏချင်းဆိုသလိုပဲ တစ်ကမ္ဘာလုံး နီးပါးပြန့်နှံ့သွားခဲ့ပါတယ်...ဒီ Virus အောင်မြင်ခဲ့ရတဲ့ လျှို့ ၀ှက်ချက်ကတော့ computer အသိုင်းအ၀ိုင်းက လုံးဝအဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ အခုလိုမျိုးအံ့သြဖွယ်လုပ်ဆောင် နိုင်ခဲ့ လို့ပဲဖြစ်ပါတယ်... 

ဒီ Virus ကို တီထွင်ခဲ့တဲ့သူတွေကတော့ ပါကစ္စတန် မှ Basit Farooq Alvi နဲ့ Amjad Farooq Alvi ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး floppy disk ရဲ့ boot sector တွေကို analyze လုပ်ခဲ့တဲ့အပြင် ကူးစက်တဲ့ နည်းလမ်း ကိုလည်း တိုးတက်ဖန်တီးခဲ့တာဖြစ်ပါတယ်...သူတို့က Virus ရဲ့ text message ထဲမှာ သူတို့ရဲ့ နာမည်၊ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေကိုထည့်ထားခဲ့ပါတယ်...ဒီအချက်တွေအရ သူတို့ဟာ ဒီ software ကို တီထွင်သူတွေဖြစ်ပြီး သူတို့နိုင်ငံကနေ သူတို့ရဲ့ မူပိုင်ခွင့်ကို အသိအမှတ်ပြု စေချင်တယ်ထင်ပါတယ်... 

ဒါပေမယ့် ကံမကောင်းစွာပဲ သူတို့ရဲ့ စမ်းသပ်မှုတွေကို ပါကစ္စတန်နယ်စပ်မှာပဲ စွန့်ပစ်ခဲ့ရပါတယ်... "Brain" ဟာ စိတ်ဝင်စားစရာကောင်းပြီး ပိရိသေသပ်လှတဲ့ ပထမဆုံး Virus ဖြစ်ပါတယ်... ဒီ Virus ဟာ သူတို့ ၀င်ရောက်နေတဲ့ sector ကို ရှာဖွေဖို့ကြိုးစားကြတဲ့အခါ သူတို့ကို ရှာမတွေ့နိုင်အောင် နဂိုမူလ Virus မရှိတဲ့ အပိုင်းနဲ့ အစားထိုးလိုက်ပါတယ်... တော်တော်လည်တဲ့ Virus ပါပဲ...

ဒီ ၁၉၈၆ ခုနှစ်ထဲမှာပဲ DOS exe များထဲသို့ code များကို ပေါင်းထည့်ခြင်းအားဖြင့် သူတို့ကိုယ်သူတို့ copy ကူးပြီး ဖန်းတီးနိုင်တဲ့ program တစ်ခုကို Ralph Burger ဆိုသူ Programmer တစ်ယောက်က ရှာဖွေတွေ့ ရှိခဲ့ ပြန်ပါတယ်... အဲဒီ Programmer က သူရဲ့ ပထမဆုံး Virus လေးကို "VirDem" လို့ အမည်ပေးခဲ့ ပြီး ဒီ Virus ရဲ့ စွမ်းရည်သရုပ်ပြမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်... ဒီ Virus ကို ၁၉၈၆ ဒီဇင်ဘာမှာ hackerများပါဝင် တဲ့   မြေအောက်အဖွဲ့အစည်းcomputer forum တစ်ခုက ကြေငြာခဲ့တာဖြစ်ပြီး ထိုအချိန်က အဓိကရည်ရွယ်ချက် ကတော့ VAX/VMS systems ( ဂျာမဏီမြောက်ပိုင်း Hamburg ပြည်နယ်မှ Chaos Computer Club) ကို ဖြိုခွင်း ဖို့ ဖြစ်ပါတယ်...

၁၉၈၇
"Vienna" virus ထွက်ပေါ်လာခဲ့ပါတယ်... ကျနော်တို့ သိခဲ့ကြပြီးဖြစ်တဲ့ Ralph Burger က ဒီ Virus ရဲ့ copy တစ်ခုကိုရရှိခဲ့ပါတယ်... သူက ဒီ Virus ကို တစ်စစီဖြိုဖျက်လိုက်ပြီး ရရှိခဲ့တဲ့ result ကို သူရဲ့ စာအုပ်ဖြစ်တဲ့ " Computer Viruses: a High-Tech Disease" မှာဖော်ပြထားပြီး ပြည်သူများဆီသို့ ဖြန့်ဝေလိုက်ပါတယ်။ သူရဲ့ စာအုပ်ထဲမှာ လူသိများထင်ရှားတဲ့ Virus ရေးနည်းအတွေးအခေါ်များ နဲ့ ဘယ်လိုပြုလုပ်ရတယ်ဆိုတာတွေကို ရှင်းပြထားခဲ့ပါတယ်...ဒါတွေဟာ computer virus ပေါင်း ရာထောင်ချီပြီး ဖန်တီးစေဖို့အတွက် လှုံ့ဆော် လိုက်တာပါပဲ...သူ့စာအုပ်ထဲမှာပါတဲ့ အချို့ Idea များ အထမြောက်အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်...
အဲဒီတစ်နှစ်ထဲမှာပဲ ပထမဆုံး file virus များဖြစ်ကြတဲ့ IBM PC virus များလည်း လွတ်လပ်စွာရေးသား ထွက်ပေါ်လာခဲ့ပါတယ်...

ထိုvirus တွေကတော့ COMMAND.COM file ကိုသာ ကူးစက်တိုက်ခိုက်တဲ့ "Lehigh" ၊ COM file ကို ကူးစက် တဲ့ "Aprial1st" လို့လည်း သိထားကြတဲ့ "Suriv-1" ၊ EXE ဖိုင်ကို ကူးစက်တဲ့ (ပထမဆုံးအကြိမ် အမြဲတမ်း ကူးစက်တဲ့ )"Surive-2"(Suriv = Virus backward )(ဒီvirus က Jerusalem virus ကိုထွက်ပေါ် လာစေခဲ့ တာဖြစ်ပြီး တစ်နာရီကို ပုံတူ ၅၀၀,000ပွားခြင်းဖြင့် ပြန့်နှံ့ ပါတယ်) ၊ COM နဲ့ EXE နှစ်ခုလုံးကို ကူးစက်တဲ့ "Suriv-3" တို့ပဲဖြစ်ကြပါတယ်...ဒါ့အပြင်များစွာသော Boot Virus ( USA တွင် "Yale" ၊ နယူးဇီလန် တွင် "Stoned" ၊ အီတလီတွင် "PingPong") နဲ့ ပထမဆုံး self encode file virus ဖြစ်တဲ့ "Cascade" တို့ အသီး သီး ပေါ် ထွက်လာခဲ့ကြပါတယ်..။

အပိုင်း ၂ကိုဆက်လက်ဖော်ပြပါမည်

No comments:

Post a Comment

ဆက်သွယ်ရန်

kolintechnology@gmail.com ★★ piracyxaiyak@gmail.com★★ forverfriends.2011@gmail.com

ခံယူချက်